ပေါက်ခေါင်းမြို့နယ်၌ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ‌မြေပဲ  ၅၇၁၇ ဧကနှင့်‌ ဆောင်းနှမ်း ၄၄၅၂ ဧကလျာထားစိုက်ပျိုးမည်

ပေါက်ခေါင်   နိုဝင်ဘာ  ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံမြေပဲ ၅၇၁၇ ဧကနှင့် ဆောင်းနှမ်း ၄၄၅၂ ဧကလျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ပေါက်ခေါင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

"ဆောင်းသီးနှံဆီထွက်သီးနှံဖြစ်တဲ့ မြေပဲသီးနှံ (၄)ဧကစိုက်ပျိုးထားပါတယ်၊ အခြားသီးနှံတွေဖြစ်တဲ့ မတ်ပဲနဲ့နှမ်းလည်း သီးသန့်စိုက်ပျိုးထားတယ် ၊ခုနှစ်သီးနှံဈေးနှုန်းတွေကတော့ ကောင်းတယ်လို့ပြောရမှာပေါ့၊ အခြားတောင်သူတွေလည်း မြေပဲ၊နှမ်းနဲ့နေကြာတို့ကို သီးသန့်စိုက်ပျိုးထား သလိုသီးညှပ်အနေနဲ့လည်း စိုက်ပျိုးထားပါတယ်၊ စိုက်ခင်းတွေကို ဂရုတစိုက်နဲ့ပြုပြင်တာတွေ ပိုးမွှားကျရောက်နေချိန်မှာ ပိုးသတ်ဆေးဖျန်းတာတို့ အပင်အားတိုးဆေးအသုံးပြုပေးနိုင်ရင် အထွက်နှုန်းတိုးမှာပါ "ဟုဆောင်းသီးနှံစိုက်ပျိုးတောင်သူတစ်ဦးကပြောကြားသည်။

ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နှမ်း(၄၄၅၂)ဧက၊ မြေပဲ (၅၇၁၇)ဧကစိုက်ပျိုးရန် လျာထားလျက်ရှိပြီး နိုဝင်ဘာ ၂၃ ရက်နေ့အထိ ဆောင်းမြေပဲ ၂၅၆၂ ဧကနှင့်ဆောင်းနှမ်း ၄၄၅၄ ဧက စိုက်ပျိုးပြီးဖြစ်၍ ဆောင်းနှမ်းမှာ လျာထားချက်ထက်ကျော် လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရပြီး၊ တောင်သူများအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်များ ရရှိစိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊‌ ဓာတ်မြေဩဇာများ အချိုးကျသုံးစွဲနိုင်ရေးစသည့် စိုက်ပျိုးရေးဆိုင်ရာများကို စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းများက နည်းပညာပေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)