ကွန်ပျူတာတက္ကသိုလ်(ပြည်) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

ပြည် နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်းရှိ ကွန်ပျူတာတက္ကသိုလ်(ပြည်)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုမိတ်ဆက်တွေ့ဆုံပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ကွန်ပျူတာတက္ကသိုလ်(ပြည်)၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ်(ပြည်)၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာယုဇနမှ အဖွင့်အမှာစကားပြောကြားပြီး ကွန်ပျူတာတက္ကသိုလ်(ပြည်)၊ ဌာနမှူးများနှင့် ပထမနှစ်သင်တန်းမှူးတို့မှ မိတ်ဆက်စကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ပထမနှစ်ဝက်သင်တန်းတွင် ဘာသာရပ်အလိုက်သင်ကြားမည့် ဘာသာရပ် ဆရာ/ ဆရာမများမှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ရှင်းလင်းမိတ်ဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ဆရာ/ဆရာမကြီးများနှင့် ကျောင်းသား/သူများ မှတ်တမ်းဓာတ်ပုံရိုက်ကူး၍ Campus touring တက္ကသိုလ်ပရဝုဏ်အတွင်း စာသင်ဆောင်များ၊ ကွန်ပျူတာစက်ခန်းများ၊ လက်တွေ့ခန်းများ၊ လက်တွေ့ပြုလုပ်ထားသော Project များအား အတူတကွ လှည့်လည်ကြည့်ရှု့ခဲ့ကြောင်းသိရသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စာသင်ကြားလျက်ရှိပြီး ယခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့အထိ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သတင်းရရှိသည်။

ကိုစိုး(ပြန်/ဆက်)