ကံမမြို့၌  FDA မှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော စားသောက်ကုန်များ ရောင်းချနေမှု ရှိ ၊မရှိနှင့် ဈေးကွက်အတွင်း လက်ကျန်မရှိစေရေး ကွင်းဆင်း စစ်ဆေး

ကံမ နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရို၊ ကံမမြို့၌ စည်ပင်သာယာ မြို့မဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသောက် ကုန်များအနက် FDA မှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော စားသောက်ကုန်များ ရောင်းချနေမှု ရှိ၊ မရှိနှင့် ဈေးကွက်အတွင်း လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင် စားသုံးသူ ရေးရာဦးစီးဌာ၊ ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်     မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင်  FDA မှ စားသုံးရန်မသင့်ဟု   ထုတ်ပြန်ထားသော "ပွင့်ဖူးအောင်" အမှတ်တံဆိပ် ဇီးယို(၁)မျိုး၊       "OH! Good Taste" အမှတ်တံဆိပ် အချိုရည် (၅)မျိုး     တို့မှာ      Sodium Cyclamate သတ်မှတ်ပမာဏထက် ကျော်လွန်၍ ပါဝင်နေခြင်း၊    Singapore Food Agency မှ ထုတ်ပြန်ထားသည့် အင်ဒိုနီးရှားနိုင်ငံထုတ် Mie Sedaap ကုန်အမှတ် တံဆိပ်ပါ အစားအသောက်(၆)မျိုးအနက် သက်တမ်းကုန်ရက်စွဲရှိ အမျိုးအမည်များတွင်  Ethylene Oxide ပါဝင်မှုသည် သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေခြင်းကြောင့် သတ်မှတ်ချက်နှင့်    ကိုက်ညီမှုမရှိသည့်အတွက် အဆိုပါ စားသောက်ကုန်များ ဈေးကွက်အတွင်း ရောင်းချမှု ရှိ၊ မရှိနှင့် ကုန်ပစ္စည်းလက်ကျန်မရှိစေရေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ကျော်ဇေယျဝင်း(ကံမ)