အောင်လံမြို့၌ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်လာခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်

အောင်လံ နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျောင်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက ရွာထောင်ရပ်ကွက် တာဂွတွင် မြို့အဝင်အထွက် မော်တော်ယာဉ်များအား တရားမဝင်ကုန်ပစ္စည်းများသယ်ဆောင်လာခြင်းရှိ/မရှိစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရခြင်းမှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် မကွေးတိုင်း ဒေသကြီးအဆင့် တရားမဝင်ကုန်စည်စီးဆင်းမှု ထိန်းချုပ်တားဆီးရေး ကွပ်ကဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ မြို့နယ်အဆင့်တရားမဝင် ကုန်စည်စီးဆင်းမှု ထိန်းချုပ်တားဆီးရေး ကွပ်ကဲမှုကော်မတီအဖွဲ့က မြို့အဝင်/ အထွက် မော်တော်ယာဉ်များပေါ်တွင် တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်လာခြင်းရှိ/မရှိကို ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)