မြို့သစ်မြို့မှ စိုက်ပျိုးရေးတောင်သူများ"ဂွေး"ပင် စိုက်ပျိုးခြင်းဖြင့် အဆင်ပြေ

မြို့သစ် နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဒေသခံ တောင်သူများသည် မြေအောက်ရေ ၊ဆည်ရေများဖြင့် သီးနှံများကို နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စီးပွားဖြစ်စိုက်ပျိုးကြရာ ဒေသထွက်"ဂွေး"ပင်များ စိုက်ပျိုးခြင်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

““ဂွေးပျိုးပင်တစ်ပင်ကို(၂၅၀၀)ကျပ်ခန့် ပေးဝယ်ရပါတယ်၊ ဟိုးအရင်ကတော့ ဆည်ပေါက်ကိုတဆင့် မှာယူရတာ၊ အခုတော့ လိုက်ထရက်ကားလေးတွေနဲ့ မြို့စျေးအရောက်လာ ရောင်းပေးတယ်၊ ပျိုးပင်ဝယ်ရတာ အဆင်ပြေသွားတာပေါ့”ဟု မြို့သစ်မြို့နယ်မှ စိုက်ပျိုးရေးဝါသနာပါသူများထံက သိရသည်။

မြို့သစ်မြို့နယ်မှ စိုက်ပျိုးသည့် "ဂွေး"သီးပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး "ဂွေး"သီးဆယ်လုံးငါးကျပ်ဖြင့် ရောင်းချရသဖြင့် စိုက်ပျိုးသူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)