မြို့သစ် နိုဝင်ဘာ ၂၃
မကွေးခရိုင်၊ မြို့သစ်မြို့နယ် ၊ လေးတိုင်စင်အုပ်စု ဂွေးတောကျေးရွာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ၇၄ . ၉၂၅ သန်းဖြင့် အခြေခံပညာမူလတန်းလွန်ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးလျက်ရှိပါသည်။
ယခင်က ဂွေးတောကျေးရွာမူလတန်းလွန်ကျောင်းတွင် ကျောင်းဆောင်အခက်အခဲရှိခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်းများတွင် သွားရောက်သင်ကြားခဲ့ရပြီး ယခုနိုင်ငံတော်အစိုးရက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော ပေ ၉၀x ၃၀ ပေ (Struncture) တစ်ထပ်ကျောင်းဆောင်အား ဆောက်လုပ်ခဲ့ပြီးစီးခဲ့ပြီဖြစ်သည်။
ဆက်လက်၍ အဆိုပါ ဂွေးတောကျေးရွာ မူလွန်တန်းလွန်ကျောင်းတွင် ပညာသင်ကြားနေကြ သော ကျောင်းသား/ကျောင်းသူများနှင့်ဆရာ/ဆရာမများက ကျောင်းဆောင်သစ်မှာ သင်ကြားရသည့် အတွက် ပျော်ရွှင်စွာပညာသင်ကြားလျက်ရှိကြောင်း ဂွေးတောကျေးရွာ မိဘဆရာအသင်းဝင် ဉီးထွန်းထွန်းဝင်းထံမှ သိရသည်။
ကိုဇော် ( ပြန်/ဆက်)