ဟုမ္မလင်း နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နေ့လယ်(၁၂)နာရီအချိန်ကစာရေးဆရာဦးဘုန်း၊ ဓာတု၊ မန္တလေး၏ မာယာအတွေး ရသ ဒဿနစာစုမှ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် လုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်က မိမိတို့ဌာနအနေဖြင့် ပြည်သူများကို ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ အသိပညာ ဗဟုသုတဝန်ဆောင်မှုပေးသော ဌာနဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာထောက်-၃ ဒေါ်နန်းမဥူအေးက စာရေးဆရာဦးဘုန်း၊ ဓာတု၊ ရေးသားသော " မာယာ " စာအုပ်ထဲမှ မာယာအတွက် စကားလက်ဆောင် ခေါင်းစဥ်ဖြင့် ဖတ်ကြားဆွေးနွေးကြပြီး၊ ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူများက စာအုပ်ထဲတွင် ပါရှိသော အကြောင်းအရာများကို ဖတ်ကြားပြီး အပြန်အလှန် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်