ညောင်လေးပင်မြို့နယ်တွင်  စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ညောင်လေးပင် နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ငှက်ပျော​​တော ၌ ယနေ့နံနက်(၁၀)နာရီက စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သက်မိုးမှ ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွေးမှ စားသုံးသူရေးရာနှင့် သက်ဆိုင်သော အကြောင်းအရာများ၊ စားသုံးသူများ၏အခွင့်အရေးနှင့်ပတ်သတ်သောအကြောင်းအရာများ၊ စားသုံးရန်မသင့်သော အန္တရာယ်ရှိ ဆိုးဆေးများအကြောင်းတို့အား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား​ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်