စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

စလင်း နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဆုနှင်းသဘင်ခန်းမဆောင်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားကုန်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆင်ဖြူကျွန်းမြို့ အခြေခံလူတန်းစား အိမ်ထောင်စုများအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက စားကုန်များ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ပြည်သူများသိသင့်သိထိုက်သည်များအား ရှင်းလင်းပြောကြားသွားခဲ့သည်။ ထို့နောက် အိမ်ထောင်စုတစ်စုခြင်းအလိုက် ထောက်ပံ့ပေးအပ်ခြင်းများကို မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးတင့်ကျော်မှ ထောက်ပံ့ပေးအပ်ခြင်းများကို ဆင်ဖြူကျွန်းမြို့ အမှတ် (၅) ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၃)စုအား ပေးအပ်ခဲ့ပြီး လယ်မြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မင်းဘူးခရိုင် ဦးစီးမှူး ဦးဇော်မင်းနိုင်မှ ဆင်ဖြူကျွန်းမြို့ အခြေခံလူတန်းစား အိမ်ထောင်စု (၃) စုအား ပေးအပ်ခြင်း၊ မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးလှမိုးက အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခြင်းနှင့် စလင်း မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်က ဆင်ဖြူကျွန်းမြို့ အမှတ်(၃) ရပ်ကွက်ရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် Mask များကို အိမ်ထောင်စုတစ်စုခြင်းအလိုက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)