ကျောက်တံခါး နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဗောဓိကွင်းကျေးရွာအုပ်စု၊ စဉ့်အိုလှကျေးရွာတွင် နိုဝင်လာလ(၁၇)ရက်နေ့က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည့် အိမ်ထောင်စုအတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ဘေးအန္တရယ်စီမံခန့်ခွဲမှုဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ရာတွင် လေဘေးသင့်အိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ်(၁၀၀၀၀၀/-)နှင့် လေဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဘိုးထောက်ပံ့ငွေ(၄၂၀၀/)ကျပ် စုစုပေါင်းထောက်ပံငွေ(၁၀၄၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၁)အိမ်ထောင်စာတို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက လေဘေးသင့်ပြည်သူထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
မြို့နယ် (ပြန်/ဆက်)