ရွှေကျင်မြို့တွင် တောင်သူအသိပညာပေး‌ ဟောပြောပွဲနှင့် စိုက်ပျိုး‌ရေးဆေးများ ဈေးရောင်းပွဲတော် ကျင်းပ

ရွှေကျင် နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် တောင်သူအသိပညာပေး‌ ဟောပြောပွဲနှင့် စိုက်ပျိုး‌ရေးဆေးများ‌ ရောင်းချပေးသည့် ဈေးရောင်းပွဲတော်ကို ယနေ့ နံနက် ၁၀ နာရီက အနောက်ဘက်ကျေးရွာ တော်ဝင်စိုက်ပျိုးရေးဆေးဆိုင်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မာဃမင်းကုမ္ပဏီမှ ပဲခူးတိုင်း အရှေ့ခြမ်း တာဝန်ခံ မန်နေဂျာဦးမောင်ဌေးက တောင်သူများ၏ လယ်မြေများတွင် မြေဆီဩဇာထက်သန်ပြီး သီးနှံအထွက်တိုးစေရန်အတွက် မာဃမင်း ကုမ္မဏီမှထုတ်လုပ်သော စိုက်ပျိုးရေးသုံး ဆေးဝါးများအား အသုံးပြုပုံများ၊ တောင်သူများစိုက်ပျိုးသည့် သီးနှံများအလိုက် ပတ်ဖျန်းရမည့် ဆေးအမျိုးအစားများနှင့် အသုံးပြုပုံတို့ကို ရှင်းလင်းပြောကြားပေးခဲ့သည်။

အဆိုပါ စိုက်ပျိုးရေးသုံး ဆေးဝါးများအား အနောက်ဘက်ကျေးရွာ တော်ဝင်စိုက်ပျိုးရေးဆေးဆိုင်တွင် မာဃမင်းကုမ္ပဏီမှ ဝန်ထမ်းများက ရောင်းချပေးခဲ့ရာ တောင်သူများမှ စိတ်ပါဝင်စားစွာ ဝယ်ယူကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)