ညောင်တုန်း နိုဝင်ဘာ ၂၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မြို့တော်ခန်းမသို့ရောက်ရှိ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အဆိုပြု စီမံကိန်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားအတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုစီမံကိန်း လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေး၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နွေစပါး၊ မိုးစပါး၊ ဆောင်းသီးနှံနှင့် နေကြာစိုက်ပျိုးထွက်ရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်အတွင်းရှိတောင်သူများက သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် လိုအပ်သော သွင်းအားစုများနှင့် စိုက်ပျိုးစရိတ်ချေးငွေများ ထောက်ပံ့နိုင်ရေး ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က တောင်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး (ပြန်ဆက်)