စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ဓနုဖြူမြို့ ကဉ္ဇနကျွန်းသာ ကုမ္ပဏီလီမိတက်​၏ ပြည်ပတင်ပို့မည့်ဆန်ကြိတ်ခွဲနေမှုကို ကြည့်ရှုအားပေး

ဓနုဖြူ နိုဝင်ဘာ ၂၀

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် နိုဝင်ဘာလ (၁၉) ရက်နေ့  ညနေ :၃၀အချိန်ကမအူပင်ခရိုင်၊ဓနုဖြူမြို့နယ် ကဉ္ဇနကျွန်းသာ ကုမ္ပဏီလီမိတက် ပြည်ပတင်ပို့မည့်ဆန်ကြိတ်ခွဲနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

 ထို့နောက် ကဉ္ဇနကျွန်းသာ ကုမ္ပဏီလီမိတက်လုပ်ငန်းအခြေပြု ဓနုဖြူရုံး၏ အစည်းအဝေးခန်းမ၌ ကဉ္ဇနကျွန်းသာ ကုမ္ပဏီလီမိတက် ဓနုဖြူရုံးခွဲလက်ထောက် အထွေထွေမန်နေဂျာ ဦးတိုးလွင်က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကန်ထရိုက် လယ်ယာ (contract farming) လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က မအူပင်ခရိုင် ဆန်စပါး၊ ပဲမျိုးစုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပြည်ပပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက ၂၀၂၂ ဆန်စပါးညီလာခံ ဆုံးဖြတ်ချက် ရလဒ်အပေါ် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး ဆန်စပါးအရည်အသွေးကောင်း ကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ ပြည်ပ ဈေးကွက်တင်ပို့နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေမူကြမ်းတစ်ရပ် ရေးဆွဲတင်ပြထားခြင်းကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)