ကလေးဝ နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီက ကလေးဝမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပထမဦးစွာ ကလေးဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ယခင်နှစ်က ဆောင်ရွက်ခဲ့သည်များကို ပြန်လည်ချပြခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းများက ယခုနှစ်တွင် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တင်ပြဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြခန်းများခင်းကျင်းပြသရန်၊ အားကစားပွဲနှင့် ဖျော်ဖြေရေးအစီအစဥ်များ စုံလင်စွာ ဆောင်ရွက်နိုင်ရန်နှင့် သွေးလှူရှင်များ၊ လူမှုရေးအသင်းများ၊ ဆို၊ က၊ ရေး၊ တီး ဆုရပြိုင်ပွဲဝင်များအား မြို့ဂုဏ်ဆောင်ဆုများ ချီးမြှင့်ရန်တို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး အခမ်းအနားကို နေ့လယ် (၁၂)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ကိုဇော်