ပိုင်ကျုံ စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နေစဉ် ကာလအတွင်း နိုင်ငံတော် အစိုးရမှ အခြေခံလူတန်းစားအိမ်ထောင် စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများကပူးပေါင်း၍ လိုက်လံထောက်ပံ့ပေးလျက်ရှိ ရာ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံ လူတန်းစား အိမ်ထောင် စုများ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် အလုပ်အကိုင် အခက်အခဲများဖြစ်ခဲ့မှုအပေါ် ယခုလို ငွေကြေးထောက်ပံ့ပေးအပ် ရခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် ယနေ့နံနက်ပိုင်းတွင် ပိုင်ကျုံမြို့အမှတ်(၂) ရပ်ကွက်ရှိ အိမ်ထောင် စု(၄၉)စု အတွက်စုစုပေါင်းထောက်ပံ့ငွေ (၉၈၀၀၀၀)ကျပ်၊ ကြက်တူရွေးကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၂၂၆)စု အတွက် ထောက်ပံ့ငွေကျပ်(၄၅၂၀၀၀၀ )နှင့် ထန်းတပင် ကျေးရွာအုပ် စုတွင်အိမ်ထောင်စု(၁၁၆)စု အတွက် ထောက်ပံ့ငွေကျပ် (၂၃၂၀၀၀၀)ကျပ်ကို ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပိုင်ကျုံမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့်ကျေးရွာ အုပ်စု(၂၇)အုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၃၆၁၇) စုရှိပြီး ထောက်ပံ့ငွေများ ကို ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ကျေးရွာများ ရှိပြည်သူများ၏ လက်၀ယ်အရောက် လိုက်လံပေးအပ်လျက်ရှိ ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)