ညောင်တုန်းမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်

ညောင်တုန်း      စက်တင်ဘာ            ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူက အခြေခံလူတန်း စားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်သည့်အကြောင်းနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ ထောက်ပံ့ငွေများအား ပြန်လည်ပေးအပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက် များအတိုင်း အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ပေးရန် ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူနှင့် တာဝန်ရှိသူများက အခြေခံ လူတန်းစား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေ ကျပ် ၂၀,၀၀၀ နှုန်းဖြင့် ရပ်ကွက်/ကျေးရွာ ၅၄ အုပ်စုရှိ အိမ်ထောင်စု ၂၆၁၀၃ စုတို့အတွက် ထောက်ပံ့ငွေ စုစုပေါင်း ကျပ် ၅၂၂,၀၆၀,၀၀ဝိ/- ကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့သည်။

အဆိုပါ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို စက်တင်ဘာလ ၂၀ ရက်နေ့မှစ၍ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြန်လည် ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)