မကွေး နိုဝင်ဘာ ၂၂
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (မကွေး)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကွန်ပျူတာတက္ကသိုလ်(မကွေး) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကွန်ပျူတာတက္ကသိုလ် (မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာ ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်(မကွေး) ဒုတိယ ပါမောက္ခချုပ်က မောင်မယ်သစ်လွင် ကျောင်းသား/ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် တက္ကသိုလ်တက်ရောက်မည့် မောင်မယ်သစ်လွင် ကျောင်းသား/သူများအား မိမိတို့ တက္ကသိုလ်ကျောင်းတော်ကြီးမှ နွေးထွေးစွာ ကြိုဆိုပါကြောင်း၊ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ လူငယ်များသာမက လူတိုင်းအတွက် ကွန်ပျူတာ အတတ်ပညာ သင်ယူတက်မြောက်မှုသည် လွန်စွာ အရေးပါလာပြီး လုပ်ငန်းခွင်များတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည်ကို သိရှိကြမည်ဖြစ်ပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့် မိမိတို့ တိုင်းပြည်အတွက် အလွန်အရေးပါသည့် ကွန်ပျူတာနည်းပညာရှင်များဖြစ်လာသည်အထိ ကြိုးစားသင်ယူကြစေ လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တက္ကသိုလ်ရှိ ဌာနအသီးသီးမှ ဌာနမှူးများက မိမိတို့သက်ဆိုင်ရာ ဌာနအလိုက် သင်ကြားပို့ချနေသော သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူများက ကျောင်းသီးချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီးနောက် ပျော်ရွှင်စရာ ဂိမ်းကစားခြင်းများလဲ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထို့နောက် ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် တက်ရောက်မည့် မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်စာကြည့်တိုက်၊ ကွန်ပျူတာခန်းများနှင့် လက်တွေ့ခန်းများတွင် သင်ခန်းစာများ လက်တွေ့သင်ကြားနေမှုများအား လိုက်လံပြသခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)