အုတ်တွင်း နိုဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အချိန်စေ့လွန် ကြွေးကျန်များ လျော့နည်းကျဆင်းရေးနှင့် အချိန်စေ့ကြွေးများ ကျန်ရှိမှုအခြေအနေများကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲတွင် အချိန်စေ့လွန် ကြွေးကျန်များ လျော့နည်းကျဆင်းရေးနှင့် ဘဏ်ခွဲ၏ အချိန်စေ့ကြွေးများကျန်ရှိမှု အခြေအနေများကို ပဲခူးတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးကျော်သူရက မြို့နယ်ချေးငွေ အကြံပေးအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းပြီး အချိန်စေ့လွန်ကြွေးများနှင့် အချိန်စေ့ကြွေးများ ရာနှုန်းပြည့်ကောက်ယူရရှိနိုင်ရေး ဆွေးနွေးမှာကြားခဲ့သည်။
ဆွေးနွေးပွဲသို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဦးမျိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် မြို့နယ်ချေးငွေအကြံပေးအဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)