ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်လှစ်ကျင်းပ

ကျွန်းစု နိုဝင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သော မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲတွင် အခြေခံပညာကျောင်းများမှ ဝင်ရောက်ယှဉ်ပြိုင်သော အသင်းများအသီးသီးကကွင်းအတွင်း နေရာယူကာ မြို့နယ်အားကစားနှင့် ာယပညာကော်မတီ ဥက္ကဋ္ဌအား အလေးပြုခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ ကိုယ်စား မြို့နယ် လဝက ဦးစီးမှူး ဦးဇော်ဝင်းအောင် က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန် (၄)ချက်ကို ညီညာစွာရွတ်ဆိုခဲ့ပြီးနောက် ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကာ ပထမပွဲစဉ်ဖြင့် အထက. ကတန်‌ကျောင်းအသင်းနှင့် သဲအော် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အထက ကတန်အသင်းက (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ ပြိုင်ပွဲတွင် အခြေခံပညာကျောင်းအသီးသီးမှ (၉)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုဝင်ဘာလ(၂၄)ရက်နေ့ တွင် ဗိုလ်လုပွဲနှင့် ဆုပေးပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)