လှိုင်းဘွဲ စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်များအတွက် ရရှိရထိုက်သော အခွင့်အရေးများနှင့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးအတွက် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲနှင့်နံရံကပ် စာစောင်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ကလေးသူငယ်များများ၏ ရရှိရထိုက်သောအခွင့်အလမ်းများ၊ ကလေးအလုပ်သမားများ လျော့နည်း ပပျောက် စေရန် ရည်ရွယ်၍ ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး လှိုင်းဘွဲမြို့နယ် မြို့မစခန်းမှူး ဒုရဲမှူး အောင်ကျော်မိုးက ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်များ၊ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ် များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုင်းရန်နောင်က လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ကလေးသူငယ်ဆိုင်ရာ အလုပ်ရုံ ဥပဒေ၊ ပုဒ်မ၊ ကလေးသူငယ်များ၏ အခွင့်အရေးနှင့်ရပိုင်ခွင့် တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)