စုကလိ နိုဝင်ဘာ ၂၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံးအနေဖြင့် အမျိုးသမီးများအပေါ်အကြမ်းဖက်ခံရမှုမှ ကင်းဝေးစေရန်နှင့် အကြမ်းဖက်ခံရမှု ဖြစ်ပေါ်လာပါက မည်သို့မည်ပုံ ကာကွယ်ပေးနိုင်ရန်နှင့် အမျိုးသမီးများ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလို အသိပညာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အသိပညာပေး လုပ်ငန်းတစ်ရပ်ဖြစ်သည် TalkShow ဆောင်ရွက်ခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက စုကလိမြို့ လူထုအခြေပြု ဗဟိုဌာန Community Center တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက် - ၃ ဒေါ်ပိုပိုအောင်က အမျိုးသမီးများနှင့် အိမ်တွင်းအကြမ်းဖက်ခံရမှုများအကြောင်း၊ အမျိုးသမီး များနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ အကြမ်းဖက်ခံရမှု ဖြစ်ပေါ်လာပါက ကိုယ်တွယ် ဖြေရှင်းနိုင်ကြရန် ထက်မြက်သည့်အမျိုးသမီးများ ဖြစ်ကြစေလိုကြောင်း၊ စံပြအမျိုးသမီးများ အကြောင်းတို့ကို ဆွေးနွေးပေးခဲ့ပြီး ရုပ်သံကျွမ်းကျင် - ၃(အင်အားပြ) ဦးကိုကိုအောင်က အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးစေလိုကြောင်း အကြမ်းဖက်ခံရမှုဖြစ်ပေါ်လာပါက တိုင်ကြားရန်ဖုန်းနံပါတ်များ၊ အမျိုးသမီးများနှင့် အိမ်ထောင်ရေးကိစ္စများကို ဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး Talk show အား We Love Sukali Page တွင် အချိန်နှင့် တစ်ပြေးညီ ထုတ်လွင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပိုပိုအောင်(ပြန်/ ဆက်)