ဒေးဒရဲ နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ဒေးဒရဲမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီတွင် စတင်ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများ၌ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-5 မှ Grade-9 အထိ ကျောင်းသား၊ ကျောင်းသူများက သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် (၄၈)ဦး၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် (၄၀)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုချိန် ၁ နာရီ ၃၀ မိနစ်အပြီးတွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ဖြေဆိုသူများအနေဖြင့် လူတွေ့ဖြေဆိုခြင်းကို ဆက်လက်ဖြေဆိုကြရမည်ဖြစ်ကြောင်းနှင့် သင်္ချာ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများကို မြို့နယ်အဆင့်ပြုလုပ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေးဒရဲမြို့နယ်ပညာရေးမှူးရုံးက သိရသည်။
အေဇာလင်း