ကန့်ဘလူ နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး တို့အတွက် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၂၂ ရက်နံနက် ၉ နာရီက ထပ်ဆောင်းကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် အကြိမ်ပြည့်ထိုးနှံပြီး ခြောက်လပြည့်ပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား စာရင်းမှတ်တမ်းရေးသွင်းပြီး ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီးသူ ၁၆ ဦးရှိပြီး မွန်းလွဲ ၃ နာရီအထိ ထိုးနှံပေးမည်ဖြစ်ကာ တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဥ်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)