ဟင်္သာတခရိုင် ပြန်/ဆက်ရုံး(Community Centre) ခန်းမတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး  Talk Show ကျင်းပ

ဟင်္သာတ နိုဝင်ဘာ ၂၁

ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် အသိပညာပေးTalk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့ချရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက Talk Show ဆွေးနွေပွဲကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပြောကြားပြီး ဟင်္သာတခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပတ်သက်၍ မိမိတို့ဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက် များကိုလည်းကောင်း မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့ချရေးနှင့် ကာကွယ်ထိန်းချုပ်ရေး၊ မီးခိုးမြူငွေ့တွင် ပါဝင်သော ဓာတ်ပစ္စည်းများ၊ မီးခိုးမြူငွေ့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးထိခိုက်မှုများ၊ ကာကွယ်ရန် နည်းလမ်းများကိုလည်းကောင်း  အသိပညာပေး ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

ကိုဇော် - ဟင်္သာတ