ရွှေတောင် နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉:၀၀)နာရီအချိန်ခန့်က စတင်၍ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသောရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာ နံနက်(၈:၀၀)နာရီမှမွန်းလွဲ(၂:၀၀)ထိ ထုတ်ပေးသွားမည်ဖြစ်ပြီး အငြိမ်းစားဝန်ထမ်း ပင်စင်လစာထုတ်ယူမည့်သူ မြို့ပြပင်စင်(၇၉၅)ဦး၊ ကာကွယ်ရေးပင်စင်(၁၀၅၃)ဦး၊ နိုင်ငံရေးပင်စင် ( ၁၁၂) ဦး ဘဏ်ပင်စင် (၁၇) ဦး စုစုပေါင်း(၂၃၇၇)ဦးရှိကြောင်း သိရပါသည်။
အဆိုပါအငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ကြိုတင်ထုတ်ပေးခြင်းအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ ဆက်)