သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ  အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး

သဲကုန်း နိုဝင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပင်စင်ထုတ်ယူရာတွင် လစဉ် ၂၁ ရက်မှ ၃၀ ရက်အထိ သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့စဉ်နံနက် ၇ နာရီမှ ၁၂ နာရီအထိ ထုတ်ပေးသွားမည်ဖြစ်သည်။ ထို့အပြင် သတ်မှတ်ရက်များတွင် လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအား လဆန်းပိုင်း ဘဏ်လုပ်ငန်းချိန်တွင် ပင်စင်လစာငွေများ ထုတ်ပေးမည်ဖြစ်ပြီး သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့ပြပင်စင်(၁၁၁၁)ဦး၊ ကာကွယ်ရေးပင်စင်(၃၁၄)ဦး၊ နိုင်ငံရေးပင်စင်(၁၂၇)ဦးနှင့် မြန်မာ့စီးပွားရေးဘဏ် ပင်စင်စား (၁၆)ဦး စုစုပေါင်းပင်စင်စား(၁၅၆၈)ဦးရှိကြောင်း  မြို့နယ်မြန့်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။ 

မြို့နယ်၊ပြန်/ဆက်