သာယာဝတီမြို့နယ်၌ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး

သာယာဝတီ နိုဝင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ သာယာဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် ၆ နာရီမှစတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိရာ ရပ်ကွက်၊ ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍  စနစ်တကျ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ထုတ်ပေးရာတွင် သာယာဝတီမြို့နယ်တွင် မြို့ပြပင်စင် ၈၇၉ ဦး၊ ကာကွယ်ရေး ပင်စင် ၂၈၉  ဦး၊    နိုင်ငံရေးပင်စင် ၂၀၆ ဦးနှင့် မြန်မာ့စီးပွားရေးဘဏ် ပင်စင်စား ၁၂ ဦး၊ စုစုပေါင်း ပင်စင်စား ၁၃၈၆ ဦးရှိပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့်  ကိုယ်စားထုတ်ယူနိုင်​ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)