ကျောက်တံခါး နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဗောဓိကွင်းကျေးရွာအုပ်စု၊ စဉ်အိုးလှကျေးရွာတွင် နိုဝင်ဘာလ(၁၇)ရက် နေ့က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်သဖြင့် နေအိမ်တစ်လုံး ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သည့် အိမ်ထောင်စုအတွက် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ အခြေခံအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက လေဘေးသင့်နေအိမ်သို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့သည်။
ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် အခြေခံအသုံးအဆောင်ပစ္စည်းများဖြစ်သည့် ခြင်ထောင်၊ စောင်၊ တာပေါ်လင်၊ ကျားဝတ်၊ မဝတ်လုံချည်၊ ကလေးဝတ်ဘောင်းဘီ၊ စကတ်၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ အမျိုးသမီး အသုံးအဆောင်ပစ္စည်းများ ပါရှိသည့် ပလပ်စတစ်သေတ္တာပုံးအား မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်မှု အဖွဲ့ဝင်များ၊ လေဘေးသင့် အိမ်ထောင်စုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)