စစ်ကိုင်းခရိုင် “စိုက်ပျိုးရေးကဏ္ဍ အသိပညာပေး” Talk Show ကျင်းပ

စစ်ကိုင်း နိုဝင်ဘာ ၂၁

စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မင်းကွန်းတိုက် နယ် တာဝန်ခံတို့ပူးပေါင်း၍ “စိုက်ပျိုးရေးကဏ္ဍ အသိပညာပေး” Talk Show ကျင်းပ ဆောင်ရွက်ခြင်းကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

Talk Show ကျင်းပဆောင်ရွက်ရာတွင် စစ်ကိုင်းခရိုင် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြူထွန်းက Talk Show ကျင်းပဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပေးပြီး မင်းကွန်းတိုက်နယ် တာဝန်ခံ ဦးအောင်မျိုးထွန်းက စိုက်ပျိုးရေးကဏ္ဍ အတွက် သဘာဝရွက်ဖျန်းအားတိုးဆေး ပြုလုပ်သုံးစွဲနည်းအဆင့်ဆင့်နှင့် သုံးစွဲတဲ့အခါ ရရှိလာမဲ့ အကျိုးကျေးဇူးများ၊ စိုက်ပျိုးရေးတောင်သူများ အနေဖြင့် ဈေးနှုန်းသက်သာပြီး ကုန်ကျစရိတ်မရှိဘဲ လွယ်ကူစွာ ပြုလုပ်သုံးစွဲနိုင်တာ ဖြစ်တဲ့အတွက် လက်တွေ့ အသုံးပြုဆောင်ရွက်သွားကြစေလိုကြောင်း ဦးဆောင်ဆွေးနွေးပေးခဲ့သည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိနိုင်စေရန် Talk Show များ ကျင်းပခြင်း၊ သုတ/ရသ စာအုပ်/စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ အသိ ပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်းနှင့် ကျောင်းသား/ကျောင်းသူ လူငယ်များအား ပြပွဲ/ ပြိုင်ပွဲ ကျင်းပ ပေးခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်