ကျွန်းလှမြို့နယ်၌ ဦးတည်အုပ်စုပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

ကျွန်းလှ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ  ဦးတည်အုပ်စုပါဝင်သည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျွန်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူးဒေါက်တာဝင်းဇော်ဌေး ဦးဆောင်သော ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရမည့် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးသည်။

ထို့အပြင်  ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ပူးပေါင်းပါဝင်ရေး၊ ကာကွယ်ရေး လမ်းညွှန်ချက်များ လိုက်နာရေးတို့ကို အသိပေး သတိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို