ပလောက်မြို့တွင် အစားအသောက် ဘေးကင်းလုံခြုံရေး  သဘာဝပိုးသတ်ဆေး  အသုံးပြုစိုက်ပျိုးပေး

ပလောက်  နိုဝင်ဘာ  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ တောင်သူဦးလှထွန်း၏ ဟင်းသီးဟင်းရွက်စိုက်ခင်းတွင် ခရမ်းပင်များအား သဘာဝပိုးသတ်ဆေး (တမာပိုးသတ် ဆေး၊ဆေးရွက်ကြီး) အသုံးပြု၍ စိုက်ပျိုးထားသောခရမ်းပင်(၄၀၀)ပင်စိုက်ခင်းနှင့် ဓါတုပိုးသတ်ဆေးအသုံးပြု၍ စိုက်ပျိုးထားသော ခရမ်းပင်(၄၀၀)ပင်ယှဉ်ပြိုင်စိုက်ပျိုးထားသော စိုက်ခင်းအား ယနေ့နံနက်(၈)နာရီ အချိန်က စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစိုက်ခင်းအား  စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းနှင့်အညီ အစားအသောက် ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ပြီး သဘာဝပိုးသတ်ဆေး အသုံးပြုထားသော စိုက်ခင်းမှ ခရမ်းပင်များနှင့် ဓာတုပိုးသတ်ဆေးအသုံးပြု၍ စိုက်ပျိုးထား သောခရမ်းပင်များအား ဓာတုဓာတ်ကြွင်း ပါဝင်မှုကို ဓါတ်ခွဲခန်းသို့ပို့ဆောင် စမ်းသပ်၍ တွေ့ရှိ ချက်များကို တောင်သူများနှင့်စားသုံးသူများအား အသိပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းမှ ပြောကြားခဲ့ကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)