မြို့သစ်တွင် ကြက်သွန်နီစျေးကွက်ပြန်လည်မြင့်တက်လာ

မြို့သစ် နိုဝင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကြက်သွန်နီတစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်မှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ စျေးကောင်းရရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ကြက်သွန်နီကို ဒေသခံပြည်သူများ ရာသီမရွေး စားသုံးနိုင်ရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန် စိုက်ပျိုးရေး ဆောင်ရွက်သူများက တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချလျက်ရှိသည်။

လက်ရှိဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင်( ၅၅၀၀)ကျပ် စျေးရောင်းချနေရပြီး စားသုံးသူများ ဝယ်ယူစားသုံးလျက်ရှိကြောင်း၊ ကြက်သွန်နီထွက်ကုန်များ နည်းပါးလာပြီး ဈေးကွက်အတွင်း ဝင်ရောက်မှုနည်းလာသည့်အတွက် ဈေးနှုန်းများ ပြန်လည်မြင့်တက်လာခြင်း ဖြစ်နိုင်ကြောင်း အရောင်း/အဝယ်ပြုလုပ်နေသည့် ကုန်သည်များကပြောသည်။

ကြက်သွန်နီစိုက်ပျိုးမှုနှင့် ပတ်သက်၍ ယခင်ကကြက်သွန်နီများကို မိုးကာလအတွင်း၌ သာစိုက်ပျိုးကြပြီး ယခုကြက်သွန်နီစိုက်ပျိုးမှုကို လွန်ခဲ့သောဆယ်နှစ်ဝန်းကျင်ခန့်မှ တောင်သူအချင်းချင်း ချိတ်ဆက်နည်းပညာရယူလေ့လာ၍ မြေအောက်ရေ အသုံးပြုကာ ရာသီမရွေး စတင်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် နွေရာသီအတွက် ကြက်သွန်နီထုတ်လုပ်ရောင်းချနိုင်ရေး တစ်ပိုင်တစ်နိုင်စိုက်ပျိုးဆောင်ရွက်ထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခုနှစ်မှာ မျိုးဈေး၊ စက်သုံးဆီဈေး၊ မြေဩဇာဈေးမြင့်တက်မှုများရှိသည့်အတွက် ယခင်စိုက်ပျိုးမှုများထက် သွင်းအားစု စရိတ်ပိုကြောင်း၊ ယခင်ကြက်သွန်နီစျေးတစ်ပိ ဿာ(၁၀၀၀/၁၅၀၀)ကျပ် စျေးအထိ စျေးကျဆင်းခဲ့ပြီး ယခုအခါကြက်သွန်နီစျေးများ (၅၅၀၀)ကျပ်စျေးမှ (၆၀၀၀)ကျပ် စျေးအထရောင်းချလာရသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေနိုင်ကြောင်း ကြက်သွန်နီ စိုက်ပျိုးသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)