တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား သို့တက်ရောက်

ထားဝယ်     နိုဝင်ဘာ ၂၀

အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ ကလေးတိုင်းအတွက် ဆောင်ရွက်စို့ဟူသော ဆောင်ပုဒ်နှင့်အညီ (၃၃)နှစ်မြောက်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့)အခမ်းအနား ကို ယနေ့နံနက် နာရီခွဲ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ မြို့ တော်ခန်းမ ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အထိမ်းအမှတ်နေ့အဖြစ် နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့ရာ(၃၃)နှစ် မြောက်ရှိပြီးဖြစ်ကြောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂ သဘော တူစာချုပ်မှာပါရှိသော ကလေးသူငယ်အခွင့် အရေး()ရပ်ဖြစ်သည့် ကလေးသူငယ်များ အသက်ရှင်သန်ခွင့်၊ ကလေးသူငယ်များဖွံ့ဖြိုး တိုးတက်ခွင့်၊ ကလေးသူငယ်များကိုအကြမ်းဖက်မှု၊ လျစ်လျူရှုမှုနှင့် ခေါင်းပုံဖြတ်မှုအမျိုးမျိုးမှ ကာကွယ် စောင့်ရှောက် ခံပိုင်ခွင့်နှင့် ကလေးသူငယ်များ၏ အရေးကိစ္စတွေမှာ ကလေးသူငယ်များကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်တို့ဖြစ်ကြောင်း၊ တိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီကို လည်းကောင်း၊ ခရိုင်/မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီများကိုလည်းကောင်း ဖွဲ့စည်း ပေးခဲ့ပြီးဖြစ် ကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ ဦးဆောင်၍ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊ ကလေးသူငယ် အရေးကိစ္စဆောင်ရွက်နေ သောလူမှုအဖွဲ့ အစည်းများမှကိုယ်စားလှယ်များပါဝင်သည့်  တိုင်းဒေသကြီးကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကော်မတီကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး က  သြဂုတ်လ ၂၇ ရက်နေ့က ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးမဆုံးရှုံးစေရန် ကလေးသူငယ် များ၏ အခွင့်အရေးများကို ကလေးမိဘများ၊ ကလေးများနှင့် ပြည်သူလူထုတစ်ရပ်လုံး သိရှိရန်နှင့်က လေးတိုင်း လက်လှမ်းမီတန်းတူညီတူ ရရှိနိုင်ရန်အတွက် တာဝန်ရှိသူများကသက်ဆိုင်ရာ ကဏ္ဍအသီးသီး ကနေ၍စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ် ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများအား မူလတန်းကြိုကျောင်းမှသားငယ်သမီးငယ်များ ကသျှောင်ပေစူးသီချင်း၊  “ကောက်စိုက်ချိန်သီချင်း၊ခင်ထား”  သီချင်းဖြင့် လည်းကောင်း၊အစားကြီး သော ခူကောင်လေးပုံပြင် မရှုပ်ပွပုံပြင်ဖြင့်လည်းကောင်းဖားကလေးနှင့် လူကလေး" ကဗျာ ဖိုးလမင်းကဗျာ၊လယ်တောရှင်ကဗျာဖြင့် လည်းကောင်း သီဆိုဖျော်ဖြေ တင်ဆက်ကပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ က သားငယ်သမီးငယ်လေးများအား အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)