နည်းပညာဆိုင်ရာ၊ အသက်မွေးမှုပညာဒါနသင်တန်းဆင်းပွဲကျင်းပ

ရွှေဘို  နိုဝင်ဘာ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်ရွှေဘိုမြို့၊ ရွှေတန်ဆာဘုရားဝင်းအတွင်းလူ့ငယ့်အားမာန လူမှုဖွံ့ဖြိုးရေးအသင်း မှဦးစီးဖွင့်လှစ်သော အခမဲ့ပညာဒါန သင်တန်းအပတ်စဉ် (၈)သင်တန်းဆင်းပွဲကိုယနေ့နံနက်(၁၁) နာရီချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သင်တန်းဆင်းပွဲတွင်လူငယ့် အားမာန်လူမှုဖွံ့ဖြိုးရေးအသင်းဦးစီးနာ ယကဆရာတော်အရှင် နန္ဒေါဘာသ၏ သြဝါဒခံယူကာ၊ ရွှေတန်ဆာဘုရားဂေါပကဦးလှသိန်း၊ မျှဝေသောလက်ပရဟိတ ကွန်ယက်ဥက္ကဋ္ဌ ဦးညွန့်တင်တို့ကမုဒိတာစကား ပြောကြားကာ၊ အသင်းနာယက ဆရာအောင် ဘုန်းညိုက အမှာစကားပြောကြားကာ အလှူငွေများပေးအပ်ခဲ့သည်။  ထို့နောက် သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီးအသင်းဥက္ကဋ္ဌနှင့် ကျောင်းသား/ သူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ၊ စိတ်ကြိုက်ကဗျာ များရွတ်ဆိုခဲ့ကြောင်းသိရသည်။ အဆိုပါ သင်တန်းတွင် ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ စာရေးနည်းကဗျာ ရေးနည်းများ သင်ကြားပြသ ပေးကာအပတ်စဉ်ဖွင့်လှစ်ပေးလျက်ရှိကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်