ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

ရွှေတောင် နိုဝင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် အမျိုးသမီးအသင်း Women Club နှင့်ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်း ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြအေးက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနများ၏ ဖွင့်ပွဲ အခမ်းအနားများ၊ အစည်းအဝေးပွဲ၊ ဆွေးနွေးပွဲ၊ ထောက်ပံ့ပေးအပ်ပွဲ၊ လှူဒါန်းပွဲ စသည့် အခမ်းအနားများတွင် အခမ်းအနားမှူးအဖြစ် တာဝန်ပေးအပ်လာပါက အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။    

အဆိုပါ သင်တန်းတွင် သင်တန်းသူ(၂၂)ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူး တစ်ဦးတွင် ရှိရမည့် အဓိကအရည်အချင်းများ၊ M.C ၏ ရုပ်ပိုင်းဆိုင်ရာများ၊ ဝတ်စားဆင်ယင်မှု၊ ကြိုတင်ပြင်ဆင်မှု၊ အခမ်းအနားမှူးဆောင်ရန်/ရှောင်ရန်များ၊ မိုက်အသုံးပြုမှု၊ အသုံးအနှုန်း ဝေါဟာရများကို မှန်ကန်စွာသုံးစွဲမှု၊ အခမ်းအနားစတင်ရာတွင် ကြိုတင်ပြောထားရမည့် စကားများ စသည့် ခေါင်းစဉ်များဖြင့် စာတွေ့၊ လက်တွေ့ နှစ်ရက် ဆွေးနွေးပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)