နတ်မောက် နိုဝင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၏ မိုးစပါးအထွက်နှုန်းအား သိရှိစေရန်ရည်ရွယ်၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က နတ်မောက်မြို့နယ် ပ/လက္ခုပ္ပင်ကျေးရွာအုပ်စုကွင်း အမှတ် (၈၃၆)၊ ဦးပိုင်အမှတ်(၆၁) တောင်သူဦးလူလှ၏ ဆင်းသုခစပါး စိုက်ခင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးနိုင်၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းအောင်ဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချို နှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။ နတ်မောက်မြို့နယ် ပ/လက္ခုပ္ပင် ကျေးရွာအုပ်စု ကွင်းအမှတ် (၈၃၆)၊ ဦးပိုင်အမှတ် (၆၁)မှ တောင်သူဦးလူလှ၏ ဆင်းသုခစပါးစိုက်ခင် (၃ ဒသမ ၂၅)ဧက အတွင်းရိတ်သိမ်းခဲပြီး တစ်ဧကကိုယ် စားပြုဆင်းသုခစပါး တင်းအစိုထွက်နှုန်း(၉၄)တင်း ထွက်ရှိကြောင်း သိရသည်။
လှဝင်း