မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ဌာနဆိုင်ရာများစုပေါင်း၍ မကွေးမြို့ အစိုးရ ရိပ်သာဝန်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး

မကွေး နိုဝင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ် များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ် (စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အစိုးရရိပ်သာဝန်း အတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။

ထို့သို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှု့အဖွဲ့အစည်းများ  စုပေါင်း၍ မကွေးမြို့ အစိုးရရိပ်သာဝန်း အတွင်း/အပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး မြက်ပင်များနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်း စသည့် သန့်ရှင်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်နေမှုအား တိုင်ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်  ဌာနဆိုင်ရာ အကြီးအကဲများ သွားရောက်၍ မကွေးမြို့ အစိုးရရိပ်သာဝန်း အတွင်း/အပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား အားပေးကြည့်ရှုကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့ မကွေးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့် အညီ မြို့အင်္ဂါရပ်နှင့် လျော်ညီစွာ သန့်ရှင်း သာယာလှပရေးသည် အရေးကြီးကြောင်း၊ ထို့အတူ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အသီးသီးမှ ဘုရား၊ စေတီ၊ ပုထိုးနှင့် ဘုန်းတော်ကြီးကျောင်းများ၊ ပြည်သူ့ဆေးရုံများနှင့် စာသင်ကျောင်းများမှာလည်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး အထူးလိုအပ်သလို အဆောက်အအုံများ ဥပဓိရုပ် ကောင်းမွန်ရေးအတွက် အပတ်စဉ် စနေနေ့များမှာ စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်ခြင်း များကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အဆိုပါ မကွေးမြို့ အစိုးရရိပ်သာဝန်း အတွင်း/အပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခြင်းကို စုစုပေါင်းအင်အား(၂၅၀)ခန့်ဖြင့် ဆောင်ရွက်ခဲ့ပြီး သန့်ရှင်ရေး လာရောက် ဆောင်ရွက်သူများအား မြန်မာ့ရိုးရာမုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ