နန်းယွန်း နိုဝင်ဘာလ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ(၁၈)ရက်နေ့ နံနက် ၉ နာရီအချိန်က နန်းယွန်းမြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဦးနေမင်းသူက နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ အကြောင်းရှင်းလင်း ပြောကြားသည်။
ထို့နောက် နာဂဒေသ၊ ကျေးလက်ဒေသဖွံဖြို့းတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းမိုးက မြစိမ်းရောင်ချေးငွေနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး နန်းယွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာတင်ဦးမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို တင်ပြကြောင်းသိရသည်။
ဆက်လက်၍ နန်းယွန်းမြို့နယ်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မြို့ပေါ်ရပ်ကွက်၊ ကြိုင်ရိုင်ကျေးရွာ၊ ဟာဝါးကျေးရွာ ကော်မတီဝင်များထံ နာဂဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဦးနေမင်းသူက ၎င်းရန်ပုံငွေများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးအာကာတင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြိုနယ်နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီများ၊ ရပ်မိ၊ ရပ်ဖများ၊ လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)