၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၊ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲများ ကျင်းပ

စေတုတ္တရာ   နိုဝင်ဘာ   ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၊ အခြေခံပညာမူလတန်းနှင့် အလယ် တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် ပြိုင်ပွဲတွင် စေတုတ္တရာမြို့နယ် ကျောင်းပေါင်းစုံမှ အင်္ဂလိပ်စာစွမ်းရည် ဖြေဆိုသူ(၆၅)ဦး ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုခဲ့ပြီး  သင်္ချာစွမ်းရည် ဖြေဆိုသူ(၇၄)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ဦးရေ (၁၃၉)ဦး ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စည်သူထွန်းလင်(ပြန်/ဆက်)