ဖြူးမြိူ့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဌာနဆိုင်ရာပူးပေါင်း၍ အသိပညာပေးဟောပြောပွဲပြုလုပ်

ဖြူး   နိုဝင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်းတွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် နာရီက ပြုလုပ်ခဲ့သည်။

အသိပညာပေးရာတွင် ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းကစာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ ဖြူးမြို့နယ် စားသုံးသူ ရေးရာစီးဌာန မြို့နယ်တာဝန်ခံဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူ အကာအကွယ် ပေးရေးဆိုင်ရာဥပဒေများအကြောင်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် ဖြူးမြို့နယ်(၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းတို့က တိုင်းရင်းဆေးအကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်များအကြောင်းကို ဟောပြောခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့  သင်တန်းကျောင်းအုပ်နှင့် ဆရာမများ၊  သင်တန်းသူများ တက်ရောက်ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် အသိပညာပေး နံရံကပ်ပြဘုတ်များ ပြသပေးခြင်း ကျန်းမာရေးစစ်ဆေးမှုများ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)