တောင်ငူ၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ

တောင်ငူ နိုဝင်ဘာ ၁၉

တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့ မွန်းလွဲပိုင်းက ခရိုင်ပြန်/ဆက်ဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး (Talk Show) ကျင်းပသည်။

အဆိုပါ အသိပညာပေး (Talk Show) တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးနှင့်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီရွှေတို့က ပါဝင်ဆွေးနွေးကြပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ပါ အကြောင်းအရာများနှင့် ထူးခြားချက်များ၊  ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု  လုပ်ငန်းစဥ်များနှင့် တာဝန်ယူဆောင်ရွက်သည့် အကြောင်းအရာများ၊ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခံရမှုအပေါ် ဆက်သွယ်တိုင်ကြားနိုင်မည့် အကြောင်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

၎င်းအသိပညာပေး (Talk Show) ကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများ အသိပညာ ဗဟုသုတ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်ကာ စီစဥ်ရိုက်ကူးခြင်းဖြစ်ပြီး တောင်ငူခရိုင်ပြည်သူ့စာကြည့်တိုက်အမည်ဖြင့် ဖွင့်လှစ်ထားသည့် (Facebook Page) မှ တစ်ဆင့် ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်