ရွှေကျင် နိုဝင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ အခြေခံပညာအထက်တန်း ကျောင်းပညာရတနာခန်းမ၌ ယနေ့နံနက်ပိုင်း၌ မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ရှေးဦးပြုစုနည်း(အခြေခံ)သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါရှေးဦးပြုစုနည်း(အခြေခံ)သင်တန်းကို ဆင်းရဲနွမ်းပါးသက်သာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် တပ်စုမှူးများက ကျောင်းသား/ကျောင်းသူများအား စာတွေ့လက်တွေ့ဖြင့် သုံးရက်ကြာ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်သည်။
ရှေးဦးပြုစုနည်း(အခြေခံ)သင်တန်းသို့ တက်ရောက်ထားသော ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတစ်ကိုယ်ရေကျန်းမာရေးနှင့် ပတ်ဝန်းကျင်ရှိ ပြည်သူများအားကျန်းမာရေးနှင့်ပတ်သက်၍ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ရှေးဦးပြုစုနည်း (အခြေခံ)ဖြင့် ကူညီကယ်တင်စောင့်ရှောက်ပေးနိုင်မည်ဖြစ်ပြီး သင်တန်းသို့ ကြက်ခြေနီလုပ်ငန်းအားစိတ်ပါဝင်စားသူ ကျောင်းသား/ကျောင်းသူ (၆၆) ဦး တက်ရောက်နေကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်