ဘားအံခရိုင် Community Centre  ခန်းမတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ  အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ဘားအံ နိုဝင်ဘာ ၁၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ  (Talk Show) ကို ယမန်နေ့ မွန်းလွဲ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဆွေးနွေးပွဲ Talk Show တွင်  ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်နန်းလုံးလုံးခိုင်က  ဌာနဖွဲ့စည်းခဲ့မှု အခြေအနေ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် ()ရပ်တွင် ပါဝင်သော မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ လက်နက်ကိုင် ပဋိပက္ခကြောင့် ထိခိုက်နေသော ကလေးသူငယ်များအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးနေမှု၊ ထိခိုက်လွယ် အုပ်စုတွင်ပါဝင်သော မွေးရာပါမသန်စွမ်းသူများအား  မှတ်ပုံတင်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မူးယစ်ဆေး ဖြတ်ပြီးသူများအား  အခြေပြုစခန်း()ခုတွင် သင်တန်းများပေးခြင်း၊ လူကုန်ကူးခံရသူများအား မိသားစုနှင့် ပြန်လည် ပေါင်းစည်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်အနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ် စာစောင်များ ငှားရမ်းပေးသည့် ဝန်ဆောင်မှု လုပ်ငန်းများအပြင် ဒေသအတွင်းရှိ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ဗဟုသုတဖြစ်စေမည့် အသိပညာပေးအကြောင်းအရာများကို ရိုက်ကူးထုတ်လွှင့်လျက်ရှိကြောင်း သိရှိရသည်။

 ခရိုင်(ပြန်/ဆက်)