တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

မြိတ်   နိုဝင်ဘာ  ၁၉

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ()နာရီခွဲက မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ခန်းမတွင် ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်၍ ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆုချီးမြှင့်ရာ၌ ဂါရဝဂုဏ်ပြုဆုများ၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော Professional Qualifying Tournament 2022 လက်ရည်စစ်ပြိုင်ပွဲတွင် Senior Pro အဖြစ်အောင်မြင်ခဲ့သည့် အားကစားသမား အား ဂုဏ်ပြုဆု၊ မြိတ်ဂေါက်ကလပ်မှ မြန်မာနိုင်ငံကိုယ်စားပြု Junior ကစားသမားအဖြစ် နိုင်ငံတကာသို့ သွား ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားအား ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထိုနောက် အမျိုးသမီးပြိုင်ပွဲ၌ ဆုရရှိကြသူများ၊ Junior ပြိုင်ပွဲတွင်ဆုရရှိကြသူများ၊ အမျိုးသားအတန်း လိုက်ပြိုင်ပွဲများ၌ ကျင်းနှင့်အနီးဆုံးဆု၊ လိုင်းနှင့်အနီးဆုံးဆု၊ ပါအများဆုံးဆု၊ အဝေးဆုံးရိုက်ချက်ဆု၊ ဘာဒီအများ ဆုံးဆု၊ Eagle အများဆုံးဆု၊ အကြိုးစားဆုံးအားကစားသမားဆု၊ ကျင်းပုန်းဆု၊ ပဉ္စမဆု၊ စတုတ္ထဆု၊ တတိယဆုများ၊ ဒုတိယဆုများ ရရှိကြသည့် အားကစားသမားများကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ အမျိုးသားအတန်းလိုက်ပြိုင်ပွဲများတွင် ပထမဆုများ ရရှိကြသည့် အားကစားသမားများကို ဝန်ကြီးချုပ် ဦးမြတ်ကို က ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ဂေါက်သီးရိုက်ပြိုင်ပွဲကို နိုဝင်ဘာလ(၁၇)ရက်မှ (၁၈) ရက်နေ့အထိ ကျင်းပခဲ့ပြီး ဧည့်သည်တော်များနှင့် ဂေါက်သီးရိုက် အမျိုးသား/ အမျိုးသမီး အားကစားသမား (၁၀၀)ကျော် ပါဝင်ယဉ်ပြိုင်ခဲ့ကြ၍  ပြိုင်ပွဲဝင်အားကစားသမားများမှ အတန်းလိုက် ကျင်း(၁၈)ကျင်း ယှဉ်ပြိုင် ကစားကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်