မုံရွာ နိုဝင်ဘာ ၁၉
မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပလျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အသေးစား ၊အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းထုတ်ကုန်များ ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်(၈)နာရီကစ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ နိုဝင်ဘာလ ၁၈ ရက်နေ့ ဒုတိယနေ့ မြောက် ဆက်လက် ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာတွင် ဈေးဝယ်များ၊ ဖျော်ဖြေရေး လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက် ရှိကြောင်းသိရသည်။
ဈေးရောင်းပွဲတော်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့ ပထမနေ့က အသေးစား ၊အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းထုတ်ကုန်များ ပြပွဲနှင့် စျေးရောင်းပွဲတော်ကို လာရောက် ကြည့်ရှုအားပေးသူ ၃၀၀၀ ကျော် ရှိခဲ့ပြီး ၁၇ ရက်နေ့ မှာ စုစုပါင်း ရောင်းချရမှူ ငွေကျပ် (၅၁၆ )သိန်း ကျော် ရှိ ကြောင်း၊ နိုဝင်ဘာလ ၁၈ ရက်နေ့၊ လာရောက်ကြည့်ရှု သူ ၄၀၀၀ ခန့်ရှိပြီး ဆိုင်ခန်းများစုစုပေါင်း ရောင်းချမှု ငွေကျပ် သိန်း( ၆၁၀ )ကျော်ရောင်းချရ ကြောင်း ဈေးရောင်း ပွဲတော် ကျင်းပရေး ကော်မတီထံမှ သိရသည်။
တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းအတွင်း၊ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့် တိုင်းဒေသကြီး၊ ခရိုင် ဌာနဆိုင်ရာများမှ ဖွင့်လှစ်ခင်းကျင်းပြသထားသော အသေးစား၊ အငယ်စာနှင့် အလတ်စား စီးပွားရေး လုပ်ငန်းထုတ်ကုန်များ ရောင်းချခြင်းများကို နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ဖြန် ညနေ ၅ နာရီအထိ ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပြီး မည်သူမဆို လာရောက် ဝယ်ယူအားပေးနိုင်ကြောင်း ၊ ပွဲတော်လာ မိဘပြည်သူများအား အအေးဗူးများ၊ လက်ဖက်ရည်နှင့်မုန့်များ စတုဒီသာကျွေးမွေးလျက်ရှိပြီး လှည့်လည် ကြည့်ရှုအားပေး သူများ၊ ဈေးဝယ်သူများဖြင့် စည်ကားလျက်ရှိ ကြောင်းသိရှိရသည်။
ခရိုင်(ပြန်/ဆက်)