သာယာဝတီ နိုဝင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသိပ္ပံ ကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီချိန်က စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) ဆရာစံခန်းမ၌ ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းတွင် စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ)ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်ကအဖွင့်အမှာစကားပြောကြားပြီး ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးယုဝါအောင်က နိုင်ငံတစ်နိုင်ငံဖွံဖြိုး တိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများသည် အသိ ပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်း လာစေရန်လိုအပ်ပါကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့် ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ကျောင်းသူအချင်းချင်းရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်ရည်ရွယ်၍ လိမ္မာယဉ်ကျေးစွာပြောဆို ဆက်ဆံတတ်သောအတွေ့ အကြုံသစ်များရရှိပြီး ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်းနှီး ချစ်ခင်မှုများ တိုးပွားလာစေရန် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနခရိုင် ဦးစီးမှူး ဦးယုဝါအောင်၊ ဦးစီးအရာရှိဒေါ်အိအိအောင်နှင့် စိုက်ပျိုးရေး သိပ္ပံကျောင်းသား ကျောင်းသူ ၅ ဦးတို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့် စိုက်ပျိုးရေး၊ လူငယ်နှင့်ကျင့်ဝတ်လူငယ်နှင့်အချိန်၊လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင် ဦးစီးမှူးက လူငယ်စကားဝိုင်း တွင်ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများကို အမှတ်တရလက်ဆောင်ပစ္စည်း များပေးအပ်ခဲ့သည်။
လူငယ်စကားဝိုင်းသို့ တက်ရောက်ကြသည့် ကျောင်းသား၊ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှု လေ့လာခဲ့ကြောင်းသိရသည်။
သန့်ဇော် (ပြန်/ဆက်)