ဟားခါး နိုဝင်ဘာ ၁၉
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်သည် အနောက်မြောက်တိုင်း စစ်ဌာ နချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေး မှူး ဦးမောင်မောင်ဆန်းနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက တီးတိန်ခရိုင်၊ တီးတိန်မြို့သို့ ရောက်ရှိကြပြီး နယ်မြေခံတပ်ရင်းခန်းမ၌ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကားပြောကြားရာတွင် မိမိတို့ ချင်းပြည် နယ်တွင် ဦးစားပေးဆောင်ရွက်ရမည့် အဓိကတာဝန်သုံးရပ်ရှိကြောင်း၊ အတွေးအခေါ်၊ အယူအဆ၊ ခံယူချက်မှန်ကန်ရန်လိုကြောင်း၊ ချင်းပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်မှု အားအနည်းဆုံး ပြည်နယ်ဖြစ်သည့်အတွက် အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ အားပေးမြှင့်တင်ဆောင်ရွက်ရန်လိုကြောင်း၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာကြံ့ခိုင်ရေးအတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍများနှင့် လူမှုစီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ MSME လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဝဥစိုက်ပျိုးရေးအပါအဝင် ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ထုတ်လုပ် နိုင်ရေးနှင့် ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်ရေးမျှော်မှန်းပြီး ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ့စီးပွားရေး မြှင့်တင်ရေးရန်ပုံငွေမှ လျန်မြန် စွာ အောင်မြင်မျုရရှိနိုင်မည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သမဝယမလုပ်ငန်း များတွင် ပိုမိုဦးစားပေး ဆောင်ရွက်ရန်လိုကြောင်းဖြင့် အမှာစာကးပြောကြားသည်။
ဆက်လက်၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က ဒေသ တည်ငြိမ်ရေးချမ်းမှုရှိမှ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်နိုင်မည်ဖြစ်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဒေသခံပြည်သူလူထုအပေါ် စိတ်ရင်းစေတနာမှန်ကန်စွာ ပူးပေါင်းဆောင် ရွက်ပေး ရန်လိုကြောင်းနှင့် လုံခြုံရေးဆိုင်ရာများကို ပြောကြားသည်။
ထို့နောက် တီးတိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းက တီးတိန်ခရိုင်၏ အုပ်ချုပ် ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး မြို့မိမြို့ဖများကိုယ်စား ဦးကမ်လျန်ထန် က ကျန်းမားရေးဆိုင်ရာလိုအပ်ချုက်များ၊ ဌာနဆိုင်ရာရုံးများ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရေးနှင့် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိရေးတို့နှင့်ပတ်သက်၍လည်းကောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်ချက်များကို အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးမင်းအုန်း၊ ပြည်နယ် ရးသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးနှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦးတို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က ဖြည့်စွက်ဆွေးနွေးကြသည်။
ထို့နောက် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ခြင်းကို ဆက်လက်ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌက လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက ပေးအပ်ရာ ခရိုင်ရဲတပ်ဖွဲ့မှူးကလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ပေးအပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကလည်းကောင်း လက်ခံရယူကြပြီး ဆက်လက်၍ ပြည်နယ်အုပ်ချုပ်ရေးမှူးက ခရိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများ က အသီးသီးလက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် ဖလမ်းမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ ၌ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။
ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ပေးနိုင် ရေးအတွက် Knowledge Society ဖြစ်ရန်လိုကြောင်း၊ မိမိတို့၏ ခံယူချက်များ ပြောင်းလဲရန်လို ကြောင်း၊ မှန်ကန်သော စိတ်နေသဘောထားရှိရန် အရေးကြီးကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးရာတွင် ပြည်သူများ ကျေနပ်အောင် ပျူငှာစွာဆက်ဆံ၍ ဝန်ဆောင်မှုပေးရန်လိုကြောင်း၊ ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်နေစဉ်တွင် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စေတနာထား၍ ဆောင်ရွက်ပေးစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က လုံခြုံရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
ဆက်လက်၍ ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ဖလမ်းခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး မြို့မိမြို့ဖ ဦးရူလ်ဇမ်းက ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များနှင့် ဆူရ်ဘုန်လေဆိပ်တွင် လေယာဉ်များ ပျံသန်းအသုံးပြုခွင့်ရရှိ နိုင်ရေးတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။
ယင်းနောက် ခရိုင် ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းက ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးကလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ကလည်းကောင်း လက်ခံရယူကြပြီး ဆက်လက်၍ ပြည်နယ်အုပ်ချုပ်ရေးမှူးက ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများအတွက် အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြသည်။
ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ယနေ့ တီးတိန်မြို့နှင့် ဖလမ်းမြို့များတွင် ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲများ၌ ဌာနဆိုင်ရာ အသီးသီးမှ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုနှင့်ပတ်သက်၍ ထုတ်ဝေသည့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် ( ပြန် / ဆက် )