သာပေါင်း နိုဝင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ၂၀၂၂-၂၀၂၃ ခုနှစ် စီမံကိန်း ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မျိုးစေ့ ချစိုက်ထည့်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ရုံးပင်ကျေးရွာအုပ်စု၊ မဒေါ့ကုန်းကျေးရွာ၊ ကွင်းအမှတ် ၈၃၀ B၊ ဦးပိုင် ၅၅/၃ ရှိတောင်သူ ဦးမြင့်အောင်၏ နေကြာစိုက်ပျိုးရန် စပ်မျိုးနေ ကြာ(ဆင်းရွှေကြာ)-၂(၁၀)ဧကအနက်(၄)ဧကတွင် စပ်မျိုးနေကြာ တစ်ဧက(၃)ပြည်နှုန်းပေး အပ်ပွဲနှင့်မျိုးစေ့ချစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ ပြုလုပ်ကြသည်။
အခမ်းအနားတွင် ပုသိမ်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်တို့မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီအတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦး စီးဌာန၊ ဦးစီးမှူးဦးသန့်ဇင်မှ ၂၀၂၂-၂၀၂၃ ခုနှစ်စီမံကိန်း ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ ဆောင်းနေကြာစိုက်ပျိုးထုတ်လုပ်မှုနှင့် မျိုးစေ့များ၏ အရည် အသွေး လက္ခဏာများ၊နေကြာဆီထွက်သီးနှံ စိုက်ဧကပြည့်မီရေးနှင့်အထွက်နှုန်း တိုးတက်ရေး တို့အတွက် ဆောင်းနေကြာမျိုးစေ့ ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မဒေါ့ကုန်း ကျေးရွာ၊ကွင်းအမှတ် (၈၃၀)B၊ ဦးပိုင် ၅၅/၃ ရှိတောင်သူ ဦးမြင့်အောင်၏ နေကြာစိုက်ပျိုးရန် စပ်မျိုးနေကြာ(ဆင်းရွှေကြာ)-၂(၁၀)ဧက အနက်(၄)ဧကတွင် စပ်မျိုးနေကြာ၊တစ်ဧက(၃) ပြည်နှုန်း စပ်မျိုးနေကြာပေးအပ်ပွဲနှင့် မျိုးစေ့ချစိုက်ထည့်ခြင်းတို့ကို ပုသိမ်ခရိုင်စိုက်တိုးမြင့်ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုနှင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးရဲမာန်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အတွင်းရေးမှူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးသန့်ဇင်၊မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီတွဲ ဘတ်အတွင်းရေးမှူး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းထွဋ်၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ အထောက်အကူပြုဝင်များ၊တောင်သူများ၊ ကျေးလက်နေ ပြည်သူများ တတ်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း