ကျွန်းလှမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၃၂၁၉၁ ဧက လျာထားချက်ကျော်စိုက်ပျိုး

ကျွန်းလှ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ပြည်တွင်းစားသုံးဆီဖူလုံရေး၊ ပြည်ပစားသုံးဆီ တင်သွင်းမှုလျော့ချရေးအတွက် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၃၂၁၉၁ ဧက လျာထားချက်ကျော် စိုက်ပျိုးပြီးကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ စိုက်ပျိုးရန် ၂၆၆၉၀ ဧကလျာထားပြီး မြေပဲ ၁၂၃၅၆ ဧက၊ နှမ်း ၁၄၀၄၃ ဧက၊ ပန်းနှမ်း ၄၉၈၁ ဧက၊ နေကြာ ၅၃၀ ဧက၊ မုန့်ညှင်း ၂၈၅ ဧက၊ စုစုပေါင်း ၃၂၁၉၁ ဧက စိုက်ပျိုးကြောင်း သိရသည်။

ဆီထွက်သီးနှံ စိုက်ပျိုးတဲ့ တောင်သူတွေကို မျိုးကောင်း မျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ ဓာတ်မြေဩဇာ အချိန်ကိုက် အချိုးကျသုံးစွဲရေး၊ ပိုးမွှားကျရောက်မှုကင်းဝေးရေးနဲ့ ကွင်းသရုပ်ပြပွဲများ စသည့် စိုက်ပျိုးရေးဆိုင်ရာများ ကွင်းဆင်းအသိပညာပေးလျက်ရှိပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နှံစားသီးနှံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံနှင့် အခြားသီးနှံမျိုးစုံ စိုက်ပျိုးကြကြောင်း သိရသည်။

မျိုးဝင်းညို

ကျွန်းလှ