ကြံခင်းမြို့တွင် အသက်(၁၅)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ကြံခင်း နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  ကြံခင်းမြို့ပေါ်ရပ်ကွက်(၃)ခု အတွင်းရှိ အသက်(၁၅)နှစ်နှင့် အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများကို ယနေ့နံနက်(၉)နာရီအချိန်က ကြံခင်းမြို့ ရွှေပြည်အေး (၁၁)ထပ်ဘုရားကြီး ဆေးထိုးစုရပ်တွင် ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာ စိစစ်ကြီးကြပ်ရေးအဖွဲ့၊  မြို့နယ်ကျန်းမာရေးနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ ပူးပေါင်းပြီး  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းများ ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလမ်းညွှန်ချက်နှင့်အညီ အသက်(၁၅)နှစ်နှင့် အထက် ထိုးနှံရန်ကျန်ရှိသော ပြည်သူ(၁၅)ဦးအား(ပထမ)အကြိမ်၊ Booster Dose ထိုးနှံရန်ကျန်ရှိသူ (တတိယ)အကြိမ် (၅၈)ဦးနှင့် (စတုထ္ထ)အကြိမ်(၉၅)ဦးအား ကာကွယ်ဆေး (Covishield)ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးစုရပ်တွင် ကာကွယ်ဆေးလာရောက်ထိုးနှံကြသော အသက်(၁၅)နှစ်နှင့် အထက် ပြည်သူများအားကာကွယ် ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း၊  ဘေးထွက် ဆိုးကျိုးလက္ခဏာများ ဖြစ်ပေါ်လျှင် ချက်ချင်း ကုသပေးနိုင်ရေးအတွက် ကြည့်ရှု့စောင့်ကြပ် ဆောင်ရွက်ပေးကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)